မောင်ကောင်းထိုက်ရဲ့ အတိုဆုံးဟာသများ (၁)

၁. “ခင်ဗျားရဲ့ သွေးခုန်နှုန်း မှန်သားပဲ”
     “ဒေါက်တာ ကျွန်တော့် ဘယ်လက်ကို ကိုင်ပါ၊ ညာလက် အတုကြီး”

၂. ဒေါက်တာက လူနာကို သေချာအောင် တတွတ်တွတ် မှာနေသည်။
        “အခု ကျွန်တော်ရေးပေးလိုက်တဲ့ ဆေးကို ခေါင်းမကိုက်မီ ၁၅-မိနစ်အလိုမှာမှ သောက်နော်”

၃. မိတ်ဆွေရဲ့ ခေါင်းပေါ်က ဆံပင်ဟာ အတုလား၊ အစစ်လားဟင်”
     “ဆံပင်က အစစ်ပါ၊ ခေါင်းသာ အတု”

၄. “ ခွဲစိတ်မှုတော့ အောင်မြင်သွားပြီ၊ ဒါပေမယ့် လူနာ မသိသွားဘူး”

၅. “မေမေ၊ သမီး ဒီလူ့ကို လက်မထပ်ချင်ဘူး၊ သူက ဘုရားမဲ့ဝါဒီ၊ ငရဲရှိတယ်ဆိုတာကို မယုံဘူး”
     “လက်သာထပ်လိုက်ပါ သမီးရယ်၊ ငရဲရှိတယ်ဆိုတာ သူသိသွားအောင် လုပ်ဖို့က မေမေ့တာဝန် ထားလိုက်ပါကွယ်...”

၆. “နိဗ္ဗာန်နဲ့ ငရဲ ဘယ်ဟာ ပိုသာတယ် ထင်သလဲ”
     “ရာသီဥတုရှုထောင့်က ပြောရင် နိဗ္ဗာန်က ပိုသာတယ်၊ ဒါပေမယ့် ငရဲမှာ အပေါင်းအသင်း ပိုတောင့်တယ်”

၇.“ ယောက်ျားဆိုတာ ဘာနဲ့တူလဲ”
     “ယောက်ျားဆိုတာ ကြောင်နဲ့တူတယ်၊ လာပြီး ပလူးပလဲ လုပ်တယ်၊ နောက် ထွက်ပြေးတယ်”

၈. ရထားစထွက်သည်နှင့် ခရီးသည် မိန်းမကြီးက တွဲစောင့်ကို စိုးရိမ်သံဖြင့် မေးသည်။
     “စက်ခေါင်းမောင်းတဲ့သူ လမ်းသိပါတယ်နော်”

၉. “ရေဒီယိုနဲ့ ရုပ်မြင်သံကြား ဘာခြားသလဲ”
     “ရေဒီယိုမှာ အနှောင့်အယှက်ကို ကြားပဲ ကြားရတယ်၊ ရုပ်မြင်သံကြားမှာကျတော့ သူတို့ကို မြင်ပါ မြင်ရတယ်”

၁၀. အရက်ဘားတွင် ဖြစ်သည်။
     “ခင်ဗျား ဒီမိုကရေစီ ဘက်တော်သားလား”
     မဟုတ်ဘူး၊ ဒါပေမယ့် အရက်သောက်ပါလားလို့ ပြောရင် ဘယ်တော့မှ မငြင်းဘူး”

၁၁. “ဒီဖိနပ်ဟာ ကြာရှည်ခံပါ့မလားဗျ”
       “ခံမယ်လို့ ထင်တယ်၊ အခုချိန်ထိ ဘယ်သူမှ ဒုတိယ တစ်ရံ လာမ၀ယ်ဘူး”

၁၂. မိမိမွေးထားသော ခွေးစာအတွက် ကတ်စီးနဲ စကော့တလန်သား အမဲရိုးလာဝယ်သည်၊ ရောင်းသူက မေးသည်။
       “ဒီ့အပြင် ဘာအလိုရှိပါသေးသလဲ ခင်ဗျာ”
       “အမဲရိုးကို ဒီနေ့ထုတ်သတင်းစာနဲ့ ထုပ်ပေးပါ”

၁၃. စာအုပ်ဆိုင်တွင် ဖြစ်သည်။
       “ကျွန်မကို တစ်ချိန်လုံး သည်းထိတ်ရင်ဖို ဖြစ်ရတဲ့ စုံထောက်ဝတ္ထုစာအုပ် တစ်အုပ် ရွေးပေးပါရှင်”
       “ဟောဒီစာအုပ် ယူသွားပါ၊ နောက်ဆုံးစာမျက်နှာကျမှ လူသတ်သမားဟာ အိမ်ဖော်မလေးဖြစ်ကြောင်း ပေါ်လာတယ်ရှင့်”

၁၄. “တို့နိုင်ငံမှာ ဘယ်သူ အချမ်းသာဆုံးလဲကွ”
       “သမ္မတကြီးရဲ့သားပါ”
       “ဟေ ဟုတ်လား၊ အင်း....ငါပေးတဲ့ မုန့်ဖိုးကို သူ မသုံးဘဲ စုထားတာကိုး”

၁၅. အစ္စရေးလေဆိပ်တွင် ဆိုင်းဘုတ်အကြီးကြီးတစ်ခု ချိတ်ဆွဲထားသည်။
       “ကိုယ့်ကိုယ်ကို အတော်ဆုံးလို့ မထင်လေနဲ့၊ ဒီမှာ အားလုံး ဂျူးတွေချည်းပဲ”