မောင်ကောင်းထိုက်ရဲ့ အတိုဆုံးဟာသများ (၂)

၁၆. " ဆရာ ကျွန်တော့်ရဲ့ လေ့ကျင့်ခန်းစာအုပ်ထဲမှာ ဘာရေးထားတာလဲဟင် "
      " လက်ရေးကို ရှင်းရှင်းရေးလို့  ရေးထားတာဟေ့..."

၁၇. ခွဲစိတ်ဆရာဝန်က  ခွဲစိတ်မည့် လူနာကို ပြောသည်။
      " ခင်ဗျား ဘာမှ စိတ်ပူစရာမလိုဘူး၊ အခုခွဲစိတ်မှုဟာကျုပ်ရဲ့အကြိမ်ငါးရာမြောက် ဖြစ်တယ်၊                        တစ်ကြိမ်ကြိမ်မှာတော့ အောင်မြင်ရမှာပေါ့၊ မဟုတ်ဘူးလား "

၁၈. အရက်မူးနေသူက တက္ကစီကို တားသည်။
      " အားသလား "
      " အားပါတယ် "
      " အဲဒါဆို တွဲကကြရအောင် "

၁၉. " ငါ့ကို ပိုက်ဆံတစ်သောင်း ချေးစမ်းပါ "
      " ငါ့ဆီမှာ ငါးထောင်ပဲ ရှိတယ်ကွ "
      " ငါးထောင်ဆိုလည်း ငါးထောင်ပဲပေါ့
        ဒါပေမယ့် နောက်ထပ် ငါးထောင် မင်း ငါ့ကို ပေးရဦးမယ်ဆိုတာ မမေ့နဲ့နော် "

၂၀. " ကိုင်း...ခင်ဗျားကို အိပ်ဆေးပြားတွေ ပေးလိုက်တယ်၊ ခြောက်ပတ်စာအတွက် လုံလောက်ပါတယ် "
      " ဒေါက်တာ... ကျွန်မ ဒီလောက်ကြာကြာ မအိပ်ချင်ဘူးရှင့် "

၂၁. " ဆေးရုံကို အမြန်ဆုံး ရောက်တဲ့လမ်း ပြောပြစေချင်ပါတယ် ခင်ဗျာ "
      " ဒီထက် လွယ်တာ ဘယ်ရှိမလဲ၊ မျက်စိကို စုံမှိတ်ပြီးသာ လမ်းကို ဖြတ်ကူးလိုက် "

၂၂. ဆေးခန်းထဲသို့ လူတစ်ယောက် ၀င်လာသည်။
      " ဒေါက်တာ...ကျွန်တော့်ကို လူတကာက လျစ်လျူ ရှုနေကြတယ် ခင်ဗျ "
      " နောက်တစ်ယောက် "

၂၃. ဖိနပ်ဆိုင်တွင် ကိုချူ ချာ ဖိနပ်စီးကြည့်နေသည်၊ အရောင်းသမကို မေးသည်။
      " ဈေးဘယ်လောက်လဲ "
      " ၄၀၀၀ ပါ "
      " ၃၀၀၀ ပဲထားဗျာ နှစ်ဘက်စလုံး ယူသွားမယ် "

၂၄. စကော့တလန်သားက သူ၏သားကို ပြောသည်။
      " သား...မင်းရဲ့ဆရာမကို ပြောလိုက်၊ အခုလို နိုင်ငံရေး အခြေအနေ မတည်မငြိမ်ဖြစ်နေတဲ့
      ကာလမှာ ကမ္ဘာ့မြေပုံကို မင်းအတွက် အဖေ ၀ယ်မသေးဘူးလို့ "

၂၅. စကော့တလန်သားတစ်ယောက် ဘောလုံးပွဲလက်မှတ် ၀ယ်သည်၊ အရောင်းသမကို ၄င်းက ငါးရာ ထိုးပေးသည်။
      " လက်မှတ်တစ်စောင် တစ်ထောင်ကျတယ်ရှင့် "
      " ကျွန်တော်က စကော့တလန်အသင်းကိုပဲ ကြည့်မယ်လေ "

၂၆. " ကျွန်မရဲ့ မောင်လေးဟာ အမြဲတမ်း လိမ်ပြောတယ်၊ ရှက်ရမှန်းလည်း မသိဘူး၊ အဲဒါ ကြီးလာရင်
      ဒီကောင်လေး အမတ်ဖြစ်မယ်လို့ မေမေက ပြောတယ် "

၂၇. လှေပေါ်တွင် တပ်ဆင်ထားသော အင်ဂျက်စက်ကို ကိုချူ ချာ မြစ်ထဲပစ်ချလိုက်သည်။ ဆက်လှော်ရင်း
      ကိုချူ ချာ ကျေနပ်သံဖြင့် သူ့ဟာသူ ပြောသည်။
      " ဟင်း...လှော်ရတာ အခုမှပဲ ပေါ့သွားတော့တယ် "

၂၈. " ဒေါက်တာ၊ ကျွန်တော် အားပိုကောင်းလာဖို့အတွက် ဒီဆေးကို ပေးလိုက်တာမဟုတ်လားခင်ဗျာ "
      " ဟုတ်တယ်လေ၊ ဘာဖြစ်လို့လဲ "
      " ပုလင်းအဖုံးကို ကျွန်တော် ဘယ်လိုမှ ဖွင့်လို့မရပါလား  ဆရာရယ် "

၂၉. အမေက သားကိုပြောသည်။
      " ရော့ ငှက်ပျောသီး၊ သားလေးစားနော် "
      " ငှက်ပျောသီးဟာ မျောက်ရဲ့အစာ မေမေရဲ့၊ သား မစားဘူး၊ မေမေပဲစား "

၃၀. ကိုချူ ချာတိုက်ခန်းအသစ် ရသည်။ နယ်မှ ရောက်လာသော ဆွေမျိုးများကို လိုက်ပြသည်။ ကြွားသည်။
      ရေဆွဲအိမ်သာကို ရောက်လာသည်။ ဆွေမျိုးများက မေးသည်။
      " အဲဒါ ဘာခေါ်သလဲ၊ ဘာအတွက်လဲ "
      " ကျွန်တော်လည်း မသိဘူး၊ ဟောဒီခလုတ် နှိပ်လိုက်ရင် ရေကျလာတယ်။
      လက်ဆေးဖို့ အချိန်ရတယ်။ အဲ...မျက်နှာသစ်ဖို့တော့ အချိန်မမှီဘူး "